လေယဉ်ပေါ် ကို handcarry 7kg ထဲမှာ ဘာပစ္စည်းတွေ သယ်သွားလို့ရလဲ?
- NANNAYE BAWINNYEIN
- Oct 15, 2023
- 1 min read
ကလေးတို့ရေ... ပြည်ပထွက်လေယာဉ် စီးရင်အုန်းအစားဆုံးကိစ္စတွေထဲက တစ်ခုဖြစ်တဲ့ လေယဉ်ပေါ် ကို handcarry 7kg ထဲမှာ ဘာပစ္စည်းတွေ သယ်သွားလို့ရလဲ?? ဘာပစ္စည်းတွေ သယ်သွားလို့မရဘူးလဲ?? ဒါတွေ အကုန်ပြောပြမယ်.. စိတ်ရှည်ရှည်လေးထားပြီးဖတ်ပေးပါနော် သယ်ဆောင်သွားလို့ရမယ့်ပစ္စည်း 1.မီးလောင်မလွယ်သော အရည်များ, gels, နှင့်အခြား အရည်များ (3.4 အောင်စထက်မပိုရပါ) 2. မီးခြစ် (ပိစိလေးပဲဖြစ်ရမယ်နော်) 3.Batteries (AA, AAA size စသဖြင့်ပေါ့) 4.လက်ချုပ်အပ်(အရေးပေါ်အကျီပြဲဘာညာလုပ်လို့ရအောင်ပါ။ အနည်းငယ်ဆို ခွင့်ပြုပါတယ်) 5.လက်ဆောင်ပစ္စည်းများ 6.Electronics ပစ္စည်းများ (phone, Laptop, ipad ) 7.တစ်ကိုယ်ရေသုံး ဆေးနှင့် ဆေးပစ္စည်းများ (50 ML ထက် မ ကျော်သော ပစ္စည်း) 8.ကလေး အစားအစာနှင့် ကလေးပစ္စည်းများ 9.အခြားတန်ဖိုးကြီးပစ္စည်းများ(လက်ဝတ်ရတနာပစ္စည်းများ၊ ငွေကြေးများ) စတာလေးတွေတော့ သယ်ဆောင်လို့ရပါတယ်.. Quantity နည်းရင် မရစ်ပေမယ့် နဲနဲများရင်တော့ ရစ်တတ်လို့ စကားပြေပြေလည်လည်ပြောပီး ရှင်းပြရင်ရပါတယ်နော့ သယ်ဆောင်သွားရန်မရသောပစ္စည်းများ 1.ချွန်ထက်သောအရာများ 2.အားကစားပစ္စည်းနှင့် စပ်ဆက်ပစ္စည်းများ 3.မိမိကိုယ်ကို ကာကွယ်ရေးပစ္စည်းများ 4.Gel-Type ဖယောင်းတိုင်များ 5. 3.4 အောင်စ ထက်ပိုသော အရက်နှင့် စပ်စက်အရည်အမျိုးအစားများ 6.သေ -နတ် နှင့် အခြား လူ- thet လတ်နက်ဟုသတ်မှတ်ထားသောပစ္စည်းများ စတဲ့ ပစ္စည်းတွေတော့ လုံးဝ လုံးဝ သယ်ဆောင်လို့ မရပါဘူးနော်... နဲနဲလေး suspect ဖြစ်တာနဲ့ reason ကောင်းကောင်း ပေးပီး ဖြေရှင်းဖို့ ကြိုစဉ်းစားထားပါ။ (မင်မင်မှာတယ်နော်.. လေဆိပ်ရောက်မှ လှည့်ပြန်ရတဲ့ လူတွေရှိခဲ့ဖူးလို့ပါ) ဆောင်ရန်၊ ရှောင်ရန်တွေကတော့ မင်မင် အထူးတလည် ပြောစရာမလိုတော့ဘူးထင်တယ်။ အပေါ်ကပစ္စည်းတွေသာထည့်မလာနဲ့... Passport ကိုင်ပြီး immigration ကိုဖြတ်ခဲ့ရုံပါ...အေးဆေးနော် #Glory Japanese Langauge Centre #Go to japan #2023/9/25
Comments